မႅဝ်း: လွင်ႈပႅၵ်ႇပိူင်ႈ ၼႂ်းၵႄႈ လွင်ႈၶူၼ်ႉၶႆႈ

Content deleted Content added
No edit summary
ထႅဝ် 41:
 
ကြောင်သည် ရေကိုကြောက်၏။ သို့သော် တိရစ္ဆာန် အပေါင်းတွင် ကြောင်လောက် သန့်ရှင်းသော အမျိုးမှာ မရှိ သလောက်ရှားသည်။ ကြောင်သည် မိမိ၏အမွေးအမျှင်များကို လျှာဖြင့် အထပ်ထပ်လျက်၍ သန့်ရှင်းစင်ကြယ်စေသည်။ အကယ်၍ ကြောင်တစ်ကောင်တွင် အမွေးအမျှင်များ သပ်ယပ် စင်ကြယ်ခြင်း မရှိလျှင် ထိုကြောင်ကို မကျန်းမမာဖြစ်နေပြီဟု သိအပ်၏။ မိခင်ဖြစ်သော ကြောင်မကြီးသည် မိမိ၏ သားငယ် များကို လျှာဖြင့် မရမက လျက်ပေးခြင်းဖြင့် သန့်ရှင်းစင်ကြယ် စေတတ်သည်။ အထူးသဖြင့် ကြောင်ကလေးများကို လှပသော ကြောင့် တစ်ကြောင်း၊ အမြဲမပြတ် မြူးတူးခုန်ပေါက်၍ ဆော့ နေတတ်သောကြောင့် တစ်ကြောင်း၊ လူတိုင်းပင် ချစ်နှစ်သက် ကြသည်။ ယင်းတို့သည် ငယ်စဉ်မှ စ၍ သားကောင်ချောင်း ဖမ်းသောအကျင့်ကို အလိုအလျောက် ရရှိလာကြသည်။ ကြောင်တို့သည် မွေးရှည်၊ မွေးတို၊ အဖြူ၊ အနက်၊ မြီးရှည်၊ မြီးတို စသည်ဖြင့် အမျိုးများပြားကြသည်။ အချို့ ကြောင်များမှာ ၂ မျိုး ၃ မျိုး ရောစပ်ထားသော ကြောင်မျိုးစပ် များ ဖြစ်ကြ၏။ ယင်းတို့အနက် အမွေးတိုသော ကြောင်မျိုးမှာ အကြမ်းခံနိုင်ရည် အရှိဆုံးနှင့် ကြွက်လိုက်အကောင်းဆုံး ဖြစ်သည်။
 
[[Category:!Main category]]
ဢဝ်ၶိုၼ်းမႃးတီႈ "https://shn.wikipedia.org/wiki/မႅဝ်း"