Sandal-Wood (နံ့သာဖြူ-စန္ဒကူးဖြူ) မႄးထတ်း

  • Botany Term : Santalum album Linn
  • Species/Family : Santalaceae
ၾၢႆႇ:L sandalwood.jpg
နံ့သာဖြူ-စန္ဒကူးဖြူ
ၾၢႆႇ:Sandalwood2.jpg
နံ့သာဖြူသား

ပုံသဏ္ဌာန် : -အမြဲစိမ်း အပင်လတ် မျိုးဖြစ်၍ အကိုင်း အခက်များ ကိုင်းဖြာကျ နေသည်။ လွန်းပုံ သဏ္ဌာန် အရွက်များ ရွက်ဆိုင် ထွက်သည်။ ရွက်နား ညီသည်။ ထိပ်ဖက် သို့မဟုတ် ကြားမှ အဆုပ်လိုက် ပွင့်သော ပန်းခိုင်မျိုး ဖြစ်သည်။ ခရမ်းရောင် သန်းသော အပွင့် ငယ်လေးများ ပွင့်သည်။ တစ်စေ့ခွံ သီးဖြစ်ပြီး လုံးဝိုင်းသည်။ အပင် - အမြဲ စိမ်းလန်းသော ပင်လတ် တစ်မျိုး ဖြစ်၍ ပေ ၃၀ မှ ၄၀ အထိမြင့် ၏ ။သေးသွယ်၍ တွဲကျသော အကိုင်းအခက် များရှိ၏ ။ အခေါက်နီညို ၊ သို့မဟုတ် အညိုရင့် ရောင်ရှိ၍ အတွင်းခံ အနီရောင် ရှိသည်။ အတွင်းသား မာ၍ ချောမွတ်သည်။ အညိုရောင် သမ်းသည်။ အကာသား ဖြူသည်။ အပင်ငယ် စဉ်တွင် အပွေးများ ချောမွတ်သော် လည်း အပင်ကြီး လျှင် ကြမ်းတမ်း၍ အမြှောင်းလိုက် အက်ရာများ တွေ့ရသည်။ အရွက် - ရွက်ဆိုင် ထွက်လေ့ ရှိသော်လည်း တစ်ခါ တစ်ရံ ရွက်လွှဲထွက် သည်ကိုတွေ့ ရသည်။၁၁/၂ လက်မမှ ၃ လက်မခန့် ရှည်သည်။ ဖျော့တော့သော စိမ်းဝါရောင် သို့မဟုတ် အစိမ်းရောင် ရှိသည် ။ အရွက် အပေါ် မျက်နှာပြင် ပြောင်ချော၍ အောက်မျက်နှာ ပြင်ထက် အရောင် ပိုရင့်သည်။ ရွက်နုများ တစ်နှစ်လျှင် နှစ်ကြိမ် ထွက်သည်။ အပွင့် - အပွင့် အချင်း ၁/၄ လက်မ ရှိသည်။ ပထမ တွင် မြက်ခြောက်ရောင် ဖြစ်၍ နောက်ပိုင်းတွင် ခရမ်းညို ရောင် ဖြစ်လာသည်။ အနံ့ မရှိချေ။ ပင်သက် ၃-၄ နှစ်တွင် သီးပွင့်သည်။ တစ်နှစ်ပတ်လုံး အနည်း နှင့် အများ ပွင့်သည်။ အသီး - လုံးဝိုင်းသည်။ ပုဏ္ဍရိတ် သီးနှင့် တူပြီး အနည်းငယ် ပိုကြီးသည်။ မှည့်သော အခါ ညိုနက်ရောင် ဖြစ်သွားသည်။ အသား အရည်ရွှမ်း သည်။ အစေ့ ့သေးငယ် ၍ မာသည်။ ငရုတ်ကောင်း စေ့ထက် အနည်းငယ် ကြီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အနှစ်သား။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနေဖြင့် အိန္ဒိယ မှ မှာယူ၍ ရန်ကုန် ကမ္ဘာအေး လိုဏ်ဂူ ပတ်ဝန်းကျင် ၊ ပြင်ဦးလွင် နှင့် ပုပ္ပား တောင်ခြေ တို့တွင် အသင့်အတင့် စိုက်ပျိုးထား သည်ကို တွေ့ရသည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေး ကျမ်းများ အလိုအရ နံ့သာဖြူ သည် ခါး၏ ၊ အေး၏ ၊ နှလုံးကို အကျိုးပြု၏ ၊ အရောင်အဆင်း ကောင်းစေ၏ ။ သလိပ် ၊ သည်းခြေကို နိုင်၏ ။ အဆိပ်၊ ရေငတ် ၊ သွေးအန်၊ သွေးကျ ၊ အပူရောဂါ တို့ကို ပျောက်ကင်းစေ၏ ။

အသုံးပြုပုံ- အနှစ်သား ၁။ ဖျား၍ အပူရှိန် အားကြီးခြင်း ၊ ကိုယ်သားကိုယ်ရေ ပရုတ်ကို သွေး၍ ဦးခေါင်းခွံ ၌ လိမ်းပေးခြင်း ဖြင့် အပူအခိုး များ ထွက်၍ ရောဂါ ပျောက်ကင်းစေသည်။ ၂။ နံ့သာဖြူ နှင့် သံပရာရည် ဖျော်လူးပါက ယားယံခြင်း ပျောက်၏ ။ ၃။ ဆန်ဆေးရည်နှင့် နံ့သာဖြူ သွေး၍ ပျားရည် ၊ သကြားတို့ နှင့် အနေတော် ရော၍ သောက်သော် ဆီးအောင့် ရောဂါ နှင့် ဝမ်းသွားရောဂါ ပျောက်၏ ။ ၄။ ဒက်ပေါက်ခြင်း ၊ အနာစက် ပေါက်ခြင်း ဖြစ်သော် နံ့သာဖြူ ကို နှင်းဆီရည်နှင့် သွေး၍ နံနံစေ့ မြက်မွေး အနည်းငယ် ရောထည့် လိမ်းသော် ပျောက်၏ ။ နံ့သာဖြူ တစ်မျိုးတည်း လည်း လိမ်းပေး နိုင်၏ ။ ၅။ ဆန်ဆေးရည်နှင့် နံ့သာဖြူ သွေး၍ သကြားခဲ နှင့် ရောသောက်သော် အပူလွန် ရောဂါ ၊ ကြို့ထိုးနာ တို့ ပျောက်၏ ။ ၆။ ညောင်းညာ ကိုက်ခဲခြင်း ဖြစ်လျှင် နံ့သာဖြူ ၊ သွေးလိမ်းက ပျောက်၏ ။[1]

ကိုးကား မႄးထတ်း

  1. http://arogyamonline.com/commodity/materials/?raw=137[ႁဵင်းၵွင်ႉဢၼ်တၢႆႇ]