ၵူၼ်းၶိူဝ်းတႆး: လွင်ႈပႅၵ်ႇပိူင်ႈ ၼႂ်းၵႄႈ လွင်ႈၶူၼ်ႉၶႆႈ

Content deleted Content added
No edit summary
No edit summary
ထႅဝ် 39:
ပိူၼ်ႈၸင်ႇ ဢူမ်ဢိုၼ်ဢဝ်လႆႈမႃး လွႆးလွႆးယဝ်ႉ။ ယွၼ်ႉမီး ၽူႈႁၵ်ႉၸိူဝ်ႉၸၢတ်ႈ ၵမ်ႈၽွင်ႈလႄႈတႆး ယင်းဢမ်ႇယဵၼ်းႁၢႆၵႂႃႇ သဵင်ႈလူးၵွၼ်ႇ။
 
 
'''ရှမ်းလူမျိုး''' ([[||Wp/shn/ရှမ်းဘာသာ|ရှမ်းဘာသာ]]: ၸုမ်းၶိူဝ်းတႆး; {IPA: tsum4 kʰɤ4 taj4) များသည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် တိုင်လူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြပြီး မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နှင့် နီးစပ်သည့် တရုတ်၊ ထိုင်းနယ်စပ်များတွင်လည်း ရှမ်းလူမျိုးများကို နည်းများမဆို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်သည့် ရှမ်းလူမျိုး ၆ သန်းခန့်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။
 
== နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ==
ရှမ်းလူမျိုးတို့မှာ တိဘက်-တရုတ်မျိုးရင်း ဖြစ်သည်။ နန်ကျောက် (နန်ကျောင်းဟုလည်း အရေးအသားရှိ) အနွယ်ဝင် (ရှမ်း-တိုင်း)များ ဖြစ်သည်။ အေဒီ ၉ ရာစု အစဦးတွင် တရုတ်ထန်မင်းဆက်၏ တန်းခိုးထွားလာမှုအောက်တွင် နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ) ပြိုလဲပြီး အင်အားနည်းပါးသွားခဲ့ရသည်။ သို့သော် အလုံးစုံ ပျက်စီးသွားသည်ဟု မဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေနိုင်ခဲ့သေးသည်။
 
 
 
[[||Wp/shn/တရုတ်ပြည်|တရုတ်ပြည်]]ကို မွန်ဂို (တာတာ) တို့က ၁၁ ရာစုတွင် သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ ၄င်း ရှမ်း-တိုင် တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလာဒ်အဖြစ် တောင်ဖက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ် ပေါ်ထွက်လာကြသည်။ ၁၃ ရာစုတွင် အလုံးအရင်းဖြင့် တောင်ဖက်တလွှားသို့ ဆင်းလာကြရာ အနောက်ဖက် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှသည် မြန်မာနိုင်ငံ မြောက်ဖက်နှင့် အလယ်ပိုင်းဒေသများ အပါဝင်၊ လာအို၊ [[||Wp/shn/ထိုင်းနိုင်ငံ|ထိုင်း]]နှင့် [[||Wp/shn/ဗီယက်နမ်နိုင်ငံ|ဗီယက်နမ်နိုင်ငံ]] မြောက်ဖက်ပိုင်း အထိကျယ်ပြန့်စွာ အခြေချကာနေထိုင်ကြသည်။
 
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ်လည်းကောင်း၊ လာအိုနိုင်ငံတွင် လော (မှုန်း) လူမျိုးများအဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများအဖြစ်လည်းကောင်း ပျံ့နှံ့သွားခဲ့ကြသည်။ သို့သော် ရှမ်းလူမျိုးများမှာလည်း ကချင်လူမျိုးများကဲ့သို့ပင် တောတောင် ထူထပ်သည့်ဒေသတွင် အခြေချခဲ့ကြသည့်အတွက် လူမျိုးစုငယ် အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာစကားတို့ပါ အနည်းငယ်စီ ကွဲပြားကြသည်။
 
== မြန်မာ့သမိုင်းနှင့် ရှမ်းခေတ်များ ==
မြန်မာ့သမိုင်းတွင်လည်း ရှမ်းတို့အင်အားကြီးခဲ့ချိန်များ ရှိဖူးပါသည်။ ထင်ထင်ရှားရှား အင်အားများသည့် ခေတ်နှစ်ခေတ် ရှိပေသည်။ ပထမ အကြိမ်မှာ ပုဂံကို မွန်ဂိုတို့ဖျက်စီးအပြီးတွင် မင်းမဲ့အခြေအနေနှင့် ကြုံတွေ့နေရစဉ် ကာလနှင့် နောင်ဒုတိယပုဂံခေတ် ပြန်ထူထောင်သည်အထိ ဖြစ်သည်။ ထိုကာလက ရာဇသင်္ကြန်၊ အသင်္ခယာနှင့် သိင်္ဂသူ ([[|||Wp/shn/တစ်စီးရှင်သီဟသူ|တစ်စီးရှင်သီဟသူ]]) ရှမ်းညီအစ်ကို သုံးဦးတို့ ခေတ်ဖြစ်ပြီး မြင်စိုင်း၊ [[|||Wp/shn/ပင်းယ|ပင်းယ]]၊ [[|||Wp/shn/စစ်ကိုင်း|စစ်ကိုင်း]]တို့တွင် ကြီးစိုးကြသည်။
 
ဒုတိယခေတ်မှာ [[|||Wp/shn/အင်းဝခေတ်|အင်းဝခေတ်]]၏ နောက်ဆုံးကာလများတွင် ဖြစ်သည်။ အင်းဝရှိ မြန်မာမင်း [[|||Wp/shn/ရွှေနန်းကျော့ရှင်နရပတိ|ရွှေနန်းကျော့ရှင်နရပတိ]] (၈၆၃-၈၈၈) အားနည်းချိန်တွင် မြောက်ဖက်တစ်လွှားမှ ရှမ်းစော်ဘွားများ အင်အားကြီးမားလာပြီး အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ (၈၈၈-၉၀၄) က သက္ကရာဇ် ၈၈၈၊ တန်ခူးလဆန်း ၁၂ ရက်တွင် အင်းဝကိုသိမ်းပြီး နရပတိကို သတ်ကာ ထီနန်းအရိုက်အရာကို သားဖြစ်သူ [[|||Wp/shn/သိုဟန်ဘွား|သိုဟန်ဘွား]]မှ ဆက်ခံပြီး အလွန်ဆိုးသွမ်းရက်စက်ကာ မိစ္ဆာအယူရှိလေရာ ဗုဒ္ဓဘာသာ ရဟန်းတော်များကို နန်းတော်သို့ ပင့်ဖိတ်ဟန်ပြုကာ သတ်ဖြတ်လေသောကြောင့် မင်းကြီးရန်နောင်နှင့် မြန်မာမှူးမတ်တို့က လုပ်ကြံနန်းချခြင်းဖြင့် သေလွန်သည်။
 
ထို့နောက် မှူးမတ်တို့က မင်းကြီးရန်နောင်အား နန်းတင်ကြသော်လည်း ငြင်းပယ်ကာ အုန်းဘောင်စော်ဘွား ခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။ နောက်အုန်းဘောင်ခုံမှိုင်းလွန်လျှင် [[|||Wp/shn/မိုးဗြဲနရပတိ|မိုးဗြဲနရပတိ]]ဆက်လက်စိုးစံရာ စစ်ကိုင်းမှ [[|||Wp/shn/စစ်ကိုင်းနရပတိစည်သူ|စည်သူကျော်ထင်]]က တိုက်ခိုက်အနိုင်ယူကာ [[|||Wp/shn/အင်းဝ|အင်းဝ]]ကို သိမ်းပိုက်ခဲ့သည်။
 
== ရှေးရှမ်းနယ်များ ==
Line 64 ⟶ 53:
 
== ယနေ့ ရှမ်းပြည်နယ် ==
ပြည်နယ်မြို့တော် [[|||Wp/shn/တောင်ကြီးမြို့|တောင်ကြီးမြို့]]
 
အကျယ်အဝန်း ၆၀ဝ၀ဝ စတုရန်းမိုင်ခန့်
Line 81 ⟶ 70:
 
== ရှမ်း ၉ ဆက်၊ ၉ စော်ဘွား ==
[[|||Wp/shn/သုတေသနသရုပ်ပြအဘိဓာန်|သုတေသနသရုပ်ပြအဘိဓာန်]]တွင် ဖော်ပြချက်အရ ''ရှမ်းကိုးဆက်၊ ကိုးစော်ဘွား၊ လူးတဆယ့်နှစ်ပနား၊ ရာတပါးနှင့်၊ စော်ဘွားစော်ခံ၊ ရွှေဥကင်ဘုံပျံမှာ၊ ညီလာခံခ, ညောင်း၊ မှူးမတ်အပေါင်းစုံကြပြီလား ....... မင်းကြီးများ'' ဟူ သောဇာတ်သဘင် ဘုရင်၏စကားအရ---(၁) မိုးကောင်းစော်ဘွား၊ (၂) မိုးညှင်းစော်ဘွား၊ (၃) သောင်သွပ်စော်ဘွား၊ (၄) မိုးမိတ်စော်ဘွား၊ (၅) မိုးနဲစော်ဘွား၊ (၆) သိန္နီစော်ဘွား၊ (၇) မိုင်းပဲစော်ဘွား၊ (၈) ညောင်ရွှေစော်ဘွား၊ (၉) သီပေါစော်ဘွားတို့ ဟူ၏။
 
မှတ်ချက်။ ။ရှမ်းပြည်အစ ''မိုင်းမော'' က- ဟူသော စကားအရမိုင်းမောမှတဆင့် စော်ဘွား ၉-ဆက် ဖြစ်ပေါ်လာသည် ဟူ၏။
Line 96 ⟶ 85:
 
===ဘာသာ===
ဘာသာအယူဝါဒအရေးတွင် ရှေးအခါက အလွန်မှားယွင်းသည့် အယူအဆများ၊ နတ်ကိုးခြင်းများကို ယုံကြည်ခဲ့ကြသည်။ သခင်စော်ဘွားဖြစ်သူ သေလွန်လျှင် မိဖုရား၊ မောင်းမနှင့် ကျွန်လူ၊ တိရစ္ဆာန်များကိုပါ သတ်ဖြတ်ကာ အတူမြေမြုပ်သည့် အလေ့များပင် ရှိခဲ့သည်ဟုဆိုသည်။ သို့သော် ဟံသာဝတီဆင်ဖြူများရှင် [[|||Wp/shn/ဘုရင့်နောင်|ဘုရင့်နောင်]]မင်းကြီးမှ ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းပြီးနောက်တွင် အဆိုပါ မှားယွင်းရက်စက်သည့် အယူများကို ဆက်လက်ပြုလုပ်စေခြင်း မရှိတော့ပဲ ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်စေခဲ့သည်။ သို့ဖြင့် ယနေ့အချိန်အထိ ရှမ်းလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး အခြားဘာသာကိုးကွယ်သူ အနည်းငယ်လည်း ရှိကြသည်။
 
===စာပေ===
Line 103 ⟶ 92:
==ထင်ရှားသော ရှမ်းလူမျိုးများ==
 
* [[|||Wp/shn/စဝ်ရွှေသိုက်၊ (နိုင်ငံတော်သမ္မတ)|ပထမဆုံး မြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက်]]
* [[|||Wp/shn/ၸဝ်ႈၸၢမ်ႇထုၼ်း၊ ၸဝ်ႈၾႃႉမိူင်းပွၼ်|အာဇာနည် ဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း]]
* [[|||Wp/shn/နွံ၊ စဝ်|လဲချား စော်ဘွားကြီး သရေစည်သူ စဝ်နွံ ]]
* [[|||Wp/shn/ခမ်းလိတ်၊ စိုင်း|တေးပြုစာဆို ဒေါက်တာ စိုင်းခမ်းလိတ် ]]
* [[|||Wp/shn/ထီးဆိုင်၊ စိုင်း|တေးရေးဆရာ၊ အဆိုတော် စိုင်းထီးဆိုင် ]]
* [[|||Wp/shn/အောင်ထီးခမ်း၊ စိုင်း| အဆိုတော် စိုင်းအောင်ထီးခမ်း ]]
* [[|||Wp/shn/စိုင်းခမ်းလှိုင်၊ စိုင်း| အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်၊ စာရေးဆရာ စိုင်းစိုင်းခမ်းလှိုင်]]
 
== အနုသုခုမအနုပညာ ==