လွင်ႈမၢႆတၢင်ႇ ၵၢၼ်ၼဵၵ်းၼဵၼ်

(လုၵ်ႉတီး လွင်မၢႆတၢင်ႇ ၵၢၼ်ၼဵၵ်းၼဵၼ် ၼႆႈသေ ၶိုၼ်းပိၼ်ႇဝၢႆႇမႃး)

ခလုတ်ရိုက်ချက် မှတ်တမ်းတင်ခြင်း (keylogger)(ခလုတ် မှတ်တမ်းတင်ခြင်း ဟုလည်း ခေါ်လေ့ ရှိ သည်) ခလုတ်ခုံ ပေါ်တွင် ခလုတ် ရိုက်ခြင်းကို ခြေရာခံခြင်း (သို့မဟုတ် မှတ်တမ်းမှတ်ခြင်း) အလုပ် ဖြစ်ပြီး ထိုခလုတ်ခုံကို အသုံးပြု နေ သော လူတစ်ဦး သည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့် နေခြင်းအား သတိမပြုမိစေရန်အတွက် ပုံမှန်အားဖြင့် တိတ်တခိုးပုံစံဖြင့် ဆောင် ရွက်ခြင်း ဖြစ် သည်။ ခလုတ်မှတ်တမ်းမှတ်ခြင်း နည်းလမ်းများစွာရှိပြီး ကွန်ပျူတာ စက်ပိုင်း ဆိုင်ရာ ပစ္စည်း ကိရိယာနှင့် လျှပ်စစ်သံလိုက်လှိုင်း နှင့် အသံလှိုင်း ခွဲခြမ်းစိတ်ဖြာခြင်း အထိ ဖြစ်သည်။

လုပ်ငန်းသုံး ပရိုဂရမ် မႄးထတ်း

 
ဆော့(ဖ်)ဝဲ(လ်) အခြေခံ ခလုတ် မှတ်တမ်း မှတ်သည့် အရာများ
 
ဆော့(ဖ်)ဝဲ(လ်) အခြေခံ ခလုတ်မှတ်တမ်း မှတ်သည့်အရာမှ ဖန်သားပြင်ပေါ်တွင် အမိအရ ရိုက်ကူးခြင်း။

ဆော့(ဖ်)ဝဲ(လ်) အခြေခံ ခလုတ် မှတ်တမ်း မှတ်သည့် အရာများ

  • ဆော့(ဖ်)ဝဲ(လ်) အခြေခံ ခလုတ် မှတ်တမ်း မှတ်သည့်အရာမှ မှတ်တမ်းဖိုင်။
  • ဆော့(ဖ်)ဝဲ(လ်) အခြေခံ ခလုတ်မှတ်တမ်း မှတ်သည့်အရာမှ ဖန်သားပြင်ပေါ်တွင် အမိအရ ရိုက်ကူးခြင်း။

ချိန်ရွယ် ထားသော ကွန်ပျူတာ၏ လုပ်ငန်းလည်ပတ်မှု စနစ် ပေါ်တွင် လုပ်ဆောင်ရန် ဒီဇိုင်း ပြုလုပ် ထားသော software အစီအစဉ်များရှိသည်။ နည်းပညာ အမြင် အား ဖြင့်ဆိုလျှင် အမျိုး အစား ငါးမျိုးရှိသည်-

  • Hypervisor အခြေပြု - သီအိုရီအရ ခလုတ်မှတ်တမ်းမှတ်သည့် အရာသည် မထိ မခိုက်ဘဲရှိနေပြီး လုပ်ငန်းလည်ပတ်မှုစနစ်အောက်တွင် လည်ပတ်နေသော malware Hypervisor တွင် တည်ရှိ နေနိုင် ပြီး၊ လုပ်ငန်းလည်ပတ်မှုစနစ် ကို မထိ မခိုက်ဘဲရှိနေသည်။ ၎င်းသည် လက်တွေ့အား ဖြင့် စက်တစ်ခုနီးပါး ဖြစ်လာ သည်။ Blue Pill သည် အယူအဆ ပေါ် အခြေတည်သော ဥပမာ ဖြစ်သည်။
  • Kernel အခြေပြု- ဤနည်းလမ်းသည် ရေးရန်နှင့် တိုက်ဖျက်ရန် နှစ် မျိုးစလုံး အတွက် ခက်ခဲသည်။ ထိုကဲ့သို့သော ခလုတ်မှတ်တမ်းမှတ်သည့် အရာများ သည် kernel level တွင် တည်ရှိသောကြောင့် စုံစမ်းရန် ခက် ခဲသည်၊ အထူးသဖြင့် အသုံးပြုသူနည်းလမ်း လုပ်ငန်းသုံး program များ အတွက် ဖြစ် သည်။ ၎င်းတို့ကို လုပ်ငန်းလည်ပတ်သည့် စနစ် kernel ကို အလုံးစုံ ဖျက်ဆီး သည့် rootkits များအဖြစ် မကြာခဏ အသုံးပြု ခံရ လေ့ရှိပြီး အခွင့် မပြု ထား သော ကွန်ပျူတာ ပစ္စည်းပိုင်းဆိုင်ရာသို့ ဆက်သွယ် ရရှိ မှုကို ရရှိပြီး ၎င်းတို့အား အလွန် စွမ်းအားရှိစေရန် ပြုလုပ်သည်။ ဥပမာအားဖြင့် ထိုနည်း လမ်းကို အသုံးပြုသော ခလုတ် မှတ်တမ်းမှတ်သည့် အရာသည် ခလုတ်ခုံ မောင်းနှင် သည့်အရာ ကဲ့သို့ ဆောင်ရွက်နိုင် ပြီး ၎င်းသည် လုပ်ငန်းလည်ပတ်သည့် စနစ်သို့ သွား သောကြောင့် ခလုတ်ခုံ ပေါ်တွင် ရိုက်သော မည်သည့် သတင်းအချက်အလက်ကို မဆို ဆက်သွယ်ခွင့်ရရှိသည်။
  • API အခြေပြု - ထို ခလုတ်မှတ်တမ်း မှတ်သည့်အရာများသည် APIs ၏ ခလုတ်ခုံကို တွယ်ချိတ် ထားသည်။ ခလုတ်တစ်ခုကို နှိပ် သည့်အချိန် တိုင်းတွင် လုပ်ငန်းဆောင်ရွက်သည့်စနစ်သည် သတိပြုမိပြီး ခလုတ် မှတ်တမ်း မှတ်သည့်အရာ သည် ၎င်းကို အလွယ်တကူ မှတ်ထားသည်။ GetAsyncKeyState()၊ GetForegroundWindow () အစရှိ သည့် APIs တို့ကို ခလုတ်ခုံ မှတ်တမ်း၏ အခြေအနေကို နမူနာ ကောက်ယူရန် သို့မဟုတ် ခလုတ်ခုံ အဖြစ်အပျက်များကို မှာယူဖတ်ရှုရန် အသုံးပြု ခဲ့သည်။ ထိုကဲ့သို့သော ခလုတ်မှတ်တမ်း မှတ်သည့် အရာများ ရေးသားရန် အလွယ်ကူဆုံး ဖြစ်သော်လည်း ခလုတ်တစ်ခုစီ၏ အမြဲမပြတ် နမူနာ ကောက်ယူခြင်း သည် လိုအပ်သည်။ ၎င်းတို့သည် CPU အသုံးပြုခြင်းတွင် ထင်ထင်ရှားရှား တိုးလာ ခြင်းကို ဖြစ်ပေါ်စေပြီး တစ်ခါတစ်ရံ ရိုက်နှိပ်သော ခလုပ်ကိုလည်း လွတ်သွား နိုင်သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော ဥပမာ တစ်ရပ်မှာ memory မှ မရှင်းထုတ်ပစ် ရ သေးသော စစ်မှန်ကြောင်း PINs လုပ်ငန်း လုပ်ဆောင်သော စနစ်ကို ကွန်ပျူတာပေါ်သို့ အကြိုတင်ခြင်းအတွက် BIOS ကို အမြဲမပြတ် နမူနာ ကောက်ယူ ပေးသည်။
  • grabbing ပုံစံ အခြေပြု - grabbing ပုံစံ အခြေပြု ခလုတ် မှတ်တမ်းမှတ်သည့် အရာများ သည် web ရှာဖွေခြင်း တင်သွင်းသည့် ဖြစ်ရပ် လုပ်ငန်းများကို ရေးမှတ်ခြင်းဖြင့် web ပုံစံ ကို ဝင်ရောက်ကြသည်။ ဤအရာသည် ၎င်းအင်တာနက်ကို ဖြတ်မသွား ခင် ပုံစံ အချက်အလက်များကို မှတ်တမ်းပြုပြီး HTTPS သတင်း အချက်အလက် များကို လျှို့ဝှက် code လုပ်ငန်းစဉ် ကို လုံခြုံရေး အင်္ဂါရပ်များဖြင့် ဝန်းရံ သည်။
  • Packet ခွဲခြမ်းစိတ်ဖြာသည့်အရာများ- ဤအရာတွင် လျှို့ဝှက် code မလုပ်ထားသည့် စကားဝှက်များကို ပြန်လည်ရရှိရန် HTTP POST ဖြစ်ရပ်များ နှင့် တွဲဆက်နေသော ကွန်ရက် အသွားအလာကို ဖမ်းယူခြင်း ပါဝင်သည်။

ဝေးလံသော နေရာမှ ဆက်သွယ်ရရှိသည့် software ခလုတ်မှတ်တမ်းမှတ်သည့် အရာများ ချိန်ရွယ်ထားသော ကွန်ပျူတာရှိ မှတ်သားထားသော အချက်အလက်များကို အဝေးမှ စောင့် ကြည့်သည့် နေရာ သို့ ထုတ်လွှင့် ပေးပို့ရန် ပေါင်းထည့်ထားသော အင်္ဂါရပ်နှင့်အတူ အစီအစဉ် ပြုလုပ်ထားသည့် ခလုတ်မှတ်တမ်းမှတ်ထားသော ဒေသသုံး software များ ရှိသည်။ ဝေးလံသော နေရာများနှင့် ဆက်သွယ်ရေးကို အောက်ပါ နည်းလမ်း လေးခုအနက်မှ တစ်ခုဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်သည်-

  • အချက်အလက်ကို website ၊ database သို့မဟုတ် FTP account တစ်ခုသို့ တင်သည်။
  • အချက်အလက်ကို ကြိုတင်သတ်မှတ်ထားသော Email လိပ်စာ တစ်ခုသို့ ပုံမှန် Email ဖြင့် ပို့သည်။
  • အချက်အလက်ကို တွဲဆက်ထားသော ကွန်ပျူတာ စက်ပစ္စည်းဆိုင်ရာစနစ် နည်းလမ်း ဖြင့် ကြိုးမဲ့စနစ်သုံးကာ ပေးပို့သည်။
  • ချိန်ရွယ်ထားသော စက်ပေါ်တွင် သိမ်းဆည်းထားသော အချက်အလက်မှတ်တမ်းများ ကို ဆက်သွယ် ရရှိ နိုင်ရန်အတွက် အင်တာနက် သို့မဟုတ် local network မှတဆင့် ဒေ သတွင်း စက်သို့ ဝေးလံသော နေရာမှဆက်သွယ်ဝင်ရောက်ခြင်းကို software မှ လုပ်ဆောင်စေသည်။

ဆက်နွယ်သော အင်္ဂါရပ်များ မႄးထတ်း

ခလုတ်ခုံမှ ခလုတ်နှိပ်ခြင်းများအား တစ်ခုတည်းသော ထည့်သွင်းသည့် အရာအဖြစ် မှီခိုခြင်း မရှိဘဲ အသုံးပြုသူ၏ သတင်းအချက်အလက်များကို ဖမ်းယူနိုင်သည့် အင်္ဂါရပ်များဖြင့် ခလုတ် မှတ်တမ်းမှတ်သည့် software များကို တွဲဆက်ဖန်တီးနိုင်သည်။ ထိုအင်္ဂါရပ်များ အနက် အချို့မှာ-

  • အချိန်တို အချက်အလက် သိမ်းဆည်းခြင်း ကို မှတ်တမ်းပြုခြင်း- အချိန်တို အချက် အလက် သိမ်းဆည်းခြင်း ဆီသို့ ကူးယူသော မည်သည့်အရာကိုမဆို program ဖြင့် ဖမ်းယူနိုင်သည်။
  • ဖန်သားပြင်တွင် မှတ်တမ်းပြုခြင်း- graphic အခြေခံသော သတင်း အချက်အလက် များကို ဖမ်းယူရန် ဖန်သားပြင်တွင် ရိုက်ကူးခြင်း များကို ပြုလုပ်သည်။ ဖန်သားပြင်ပေါ် တွင် မှတ်တမ်းပြုခြင်းကို စွမ်းဆောင်နိုင်သော အသုံးချခြင်း များသည် အသုံးချ ခြင်း တစ်ခုတည်း သို့မဟုတ် mouse cursor ဝန်းကျင်ကိုပင် ဖန်သားပြင် တစ်ခု လုံး၏ ဖန်သားပြင် ရိုက်ကူခြင်းများကို ပြုလုပ်နိုင်သည်။ ၎င်းတို့သည် ထိုဖန်သားပြင် ရိုက်ကူး ခြင်းများ ကို အချိန်မှန် သို့မဟုတ် အသုံးပြုသူ၏ အပြုအမူများကို တုံ့ပြန်သည့် အခါ ရိုက်ယူနိုင်ကြသည် (ဥပမာ- အသုံးပြုသူသည် mouse ကို ကလစ်နှိပ်ပြီးသော အခါ တွင် ဖြစ်သည်)။ ဤဖန်သားပြင်တွင် မှတ်တမ်းပြုလုပ်သည့် အရာအသုံးပြုသော လက်တွေ့ အသုံးချ program သည် mouse မှ ကလစ်ပြုလုပ်သော ဝန်းကျင်ရှိ ဖန်သား ပြင် ရိုက်ကူးခြင်း အကာအကွယ်မရှိဘဲ web အခြေခံ ခလုတ်ခုံများနှင့် မည်သည့် web အခြေခံ ဖန်သားပြင် ခလုတ်ခုံကိုမဆို တိုက်ခိုက်သည် (ဥပမာ-ဘဏ်များမှ သုံးလေ့ရှိသော web အခြေခံ ဖန်သားပြင် ခလုတ်ခုံများဖြစ်သည်)။
  • ထိန်းချုပ်ခြင်း တွင် ရှိသော စာသားကို program သွင်းထားသော စနစ်ဖြင့် ဖမ်းယူခြင်း- Microsoft window API သည် အချို့ထိန်းချုပ်ခြင်းများတွင် ရှိသော စာသား 'တန်ဖိုး' ကို တောင်းဆိုရန် program များအားခွင့်ပြုသည်။ ၎င်းအရာ သည် အကယ်၍ အချို့သော စကားဝှက်များသည် စကားဝှက် အကာအကွယ်များ နောက်တွင် ဖုန်းကွယ်ထားသော်လည်း ထိုစကားဝှက်များကို ဖမ်းယူကောင်း ဖမ်း ယူနိုင်သည်ဟု ဆိုလိုသည်။[2] (များသော အားဖြင့် ခရေပွင့်များ)။
  • ဖွင့်ထားသော program/folder/window တိုင်းကို ရုပ်သံဖမ်းယူခြင်းတွင် ဝင်ရောက်လေ့လာ ခဲ့သော website တစ်ခုစီ၏ ဖန်သားပြင် ရိုက်ကူးခြင်း ပါဝင်ပြီး၊ တစ်ခုစီ၏ ဖန် သားပြင် ရိုက်ကူးခြင်းလည်းပါဝင်သည်။ die tollste sprache ever
  • ရှာဖွေခြင်း အင်ဂျင်မေးမြန်းခြင်းများ ၊ ချက်ချင်း message ပေးပို့သော စကားပြော ဆိုခြင်းများ ၊ FTP download များနှင့် အခြားသော အင်တာနက် အခြေခံ လှုပ်ရှားမှုများ (အသုံးပြုခဲ့သော လှိုင်းအကျယ် အပါအဝင်) ကို ရုပ်၊ သံ ဖမ်း ယူခြင်း။
  • အချို့သော အဆင့်မြင့် software ခလုတ်မှတ်တမ်းမှတ်သည့် အရာများတွင် အ သံကို အသုံးပြုသူ microphone မှ အသံဖမ်းယူနိုင်ပြီး ရုပ်ကို အသုံးပြုသူ၏ web cam မှ ဖမ်းယူနိုင်သည်။

ကွန်ပျူတာ စက်ပစ္စည်းများ အခြေပြုသော ခလုတ်မှတ်တမ်း မှတ်သည့်အရာများ မႄးထတ်း

 
Screen capture of what the software-based keylogger above was logging.
 
ဆက်သွယ်ထားသော ကွန်ပျူတာ စက်ပစ္စည်း အခြေခံ ခလုတ်မှတ်တမ်းမှတ်သည့်အရာ

ကွန်ပျူတာ စက်ပစ္စည်း ခလုတ်မှတ်တမ်းမှတ်သည့်အရာ မႄးထတ်း

ကွန်ပျူတာ စက်ပစ္စည်းအခြေခံ ခလုတ်မှတ်သည့် အရာများသည် တပ်ဆင်ထား သော မည်သည့် ဆော့(ဖ်)ဝဲ(လ်) ပေါ်တွင်မဆို မှီခိုခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ကွန်ပျူတာ စနစ်အတွင်းရှိ ကွန်ပျူတာ စက်ပစ္စည်း အဆင့်တစ်ခုတွင် ၎င်းတို့သည် တည်ရှိနေသော ကြောင့်ဖြစ်သည်။

  • Firmware အခြေပြု - ခလုတ်ခုံ အဖြစ်အပျက်များကို ကိုင်တွယ် ဖြေရှင်းသော BIOS အဆင့် ဖမ်းဝဲအား ထိုဖြစ်ရပ်များကို ၎င်းတို့ လုပ်ငန်းဆောင်ရွက်သည့် အတိုင်း မှတ်တမ်း ပြုရန် ပြင်ဆင်မွမ်းမံနိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ နှင့်/သို့မဟုတ် အခြေခံအဆင့် ဆက်သွယ်မှု သည် စက်သို့ လိုအပ်ပြီး၊ BIOS အတွင်းသို့ ထည့်သွင်းမည့် software အား ၎င်းလည်ပတ်မည့် တိကျသော ကွန်ပျူတာ စက်ပစ္စည်း အတွက် ဖန်တီးရန် လိုအပ်သည်။
  • ခလုတ်ခုံ ကွန်ပျူတာ စက်ပစ္စည်း - ထုံစံအားဖြင့် ခလုတ်ခုံ ကြိုးဆက်သွယ်သည့် အရာ နှင့် တစ်တန်းတည်း ဆက်သွယ်ထားသော၊ ကွန်ပျူတာခလုတ်ခုံ နှင့် ကွန်ပျူတာ အ ကြားတစ်နေရာရာတွင် တွယ်ဆက်ထားသည့် ကွန်ပျူတာစက်ပစ္စည်း circuit နည်း အား ဖြင့် ခလုတ်ရိုက်ချက် မှတ်တမ်းမှတ်ရာပြုခြင်းအတွက် ကွန်ပျူတာသုံး စက် ပစ္စည်း ခလုတ်မှတ်ခြင်းများကို အသုံးပြုသည်။ ပြင်ပရှိကြိုးတွင် မည်သည့် စက် ကိုမျှ မမြင်စေရန် ပို၍ သိုသိပ်သော လုပ်ငန်းဆောင်ရွက်ခြင်းများကို စံဖြစ်သော ခလုတ်ခုံ များ တွင် တပ်ဆင်ခြင်း သို့မဟုတ် ထည့်သွင်းတည်ဆောက်ခြင်း တို့ကို ပြု နိုင်သည်။ အမျိုးအစား နှစ်မျိုးစလုံးသည် ခလုတ်ခုံ အလုပ်အားလုံးကို ၎င်းတို့၏ အတွင်းပိုင်း memory သို့ မှတ်တမ်းပေးပို့ပြီး၊ ၎င်းကို နောက်ပိုင်းတွင် ဆက်သွယ် ရရှိနိုင်သည်၊ ဥပမာ လျှို့ဝှက်သော ခလုတ် အစီအစဉ်တွင် ရိုက်ခြင်း ဖြစ်သည်။

ကွန်ပျူတာ စက်ပစ္စည်း ခလုတ်မှတ်တမ်းမှတ်သည့် အရာတွင် software အဖြေ ထုတ်ခြင်းထက် ပို၍ အကျိုးရလဒ်ရှိသည်။ ထိုအရာသည် ချိန်ရွယ်ထားသော ကွန်ပျူတာ ၏ လုပ်ငန်း ဆောင်ရွက် သောစနစ်ပေါ်တွင် တပ်ဆင်ထားခြင်းအပေါ်မှီခိုခြင်း မရှိပါ။ သို့ဖြစ်ပါ၍ ချိန်ရွယ်ထားသော စက်ပေါ်တွင် အလုပ်လုပ်နေသော မည်သည့် program ကို မဆို နှောင့်ယှက်လိမ့်မည် မဟုတ်ပါ သို့မဟုတ် မည်သည့် software နှင့်မဆို စုံစမ်း ထောက်လှမ်းခြင်းခံရလိမ့်မည် မဟုတ်ပါ၊ မည်သို့ပင် ဖြစ်စေ ၎င်း၏ရုပ်ပိုင်းဆိုင်ရာ တည် ရှိ မှုအား ဥပမာ- အကယ်၍ ၎င်းအား ကွန်ပျူတာနှင့် ခလုတ်ခုံကြားတွင် အတွင်း line စက်အဖြစ် case ၏ ပြင်ပတွင် တပ်ဆင်ထားပါက၊စုံစမ်းသိရှိနိုင်သည်။ ထို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းအချို့တွင် ကြိုးမဲ့ဆက်သွယ်ရေး စံနှုန်း နည်း လမ်း ဖြင့် အဝေးမှ ထိန်းချုပ်ပြီးစောင့်ကြည့်ခြင်း ခံရနိုင်သည့်စွမ်းရည် ရှိ သည်။

ကြိုးမဲ့ခလုတ်ခုံ ရှာဖွေဖော်ထုတ်သည့် အရာများ (Wireless keyboard sniffers) မႄးထတ်း

ထိုတဆင့်ခံ ရှာဖွေသည့် အရာများသည် ကြိုးမဲ့ခလုတ်ခုံနှင့် ၎င်း၏ လက်ခံရယူသည့်စက်မှ လွှဲ ပြောင်းပေးသော အချက်အလက် အစုံလိုက်ပက်ကက်ကို စုဆောင်းသည်။ ထို စက်နှစ်ခု အကြား ရှိ ကြိုးမဲ့ဆက်သွယ်ရေးကို လုံခြုံမှုရှိစေရန် သတင်းအချက်အလက်များကို လျှို့ဝှက် ကုတ်လုပ်သောကြောင့် အကယ်၍ ထုတ်လွှင့်သောအရာများကို ဖတ်လိုပါက ကြိုကြိုတင်တင် ချိုးဖောက်ရန်ု လိုကောင်းလို ပေလိမ့်မည်။

ခလုတ်ခုံ အပေါ်ယံလွှာများ (Keyboard overlays) မႄးထတ်း

လူများ၏ PINs နံပါတ်များကို ဖမ်းယူရန် ရာဇဝတ်မှု ကျူးလွန်သူများသည် ATMs (အေတီအမ် စက်များ)ပေါ်တွင် ခလုတ်ခုံ ထပ်ဆင့်လွှာမျာကို အသုံးပြုရန် သိရှိပြီးဖြစ်ကြသည်။ ခလုတ်ရိုက် နှိပ်ခြင်း တစ်ခုစီကို အေတီအမ်၏ ခလုတ်ခုံနှင့် ရာဇဝတ်မှု ကျူးလွန်သူ၏ ATM (အေတီအမ်) ပေါ်တွင်တင်ထားသော ခလုတ်နံပါတ်ပြားတို့ပေါ်တွင် စာရင်းသွင်းထားခြင်းခံရသည်။ ထိုစက် တည်ရှိခြင်းအား ဘဏ်အသုံးပြု သူများအနေဖြင့် သတိမမူမိစေရန် ၎င်းစက်ပစ္စည်းအား စက် ကြီး ၏ စုပေါင်းတည်ရှိသော အစိတ်အပိုင်းတစ်ခုအဖြစ် အမြင်ရှိစေရန် ဒီဇိုင်းပြုလုပ်ထားသည်။

အသံပိုင်းဆိုင်ရာ ခလုတ်မှတ်တမ်းမှတ်သည့်အရာများ(Acoustic keyloggers) မႄးထတ်း

အသံလှိုင်းဖြင့် လျှို့ဝှက်မှု ခွဲခြမ်းစိတ်ဖြာခြင်း ကို ကွန်ပျူတာတွင် တစ်စုံတစ်ယောက်မှ ရိုက် နှိပ်ခြင်းဖြင့် ဖန်တီးခဲ့သော အသံကို စောင့်ကြည့် ရန် အသုံးပြုနိုင်သည်။ ခလုတ်ခုံပေါ်ရှိ စာလုံး တစ်လုံးစီကို ရိုက်နှိပ်သောအခါ ကွဲပြား ခြားနား သည့် နူးညံသိမ်မွေ့သော အသံပိုင်းဆိုင်ရာ သင်္ကေတ တစ်ခု ကို ပြုလုပ်သည်။ ၎င်းနောက် တွင် မည်သည့် ခလုတ်ရိုက်ချက် သင်္ကေတ သည် မည်သည့် ခလုတ် စာလုံးနှင့် ဆက်နွယ်မှုရှိ ကြောင်းကို ကြိမ်နှုန်း ခွဲခြမ်းစိတ်ဖြာခြင်း ကဲ့သို့သော စာရင်းအင်းဆိုင်ရာ နည်းများ မှတဆင့် ခွဲခြားဖော်ထုတ်ရန် ဖြစ်နိုင်ခြေရှိသည်။

တူညီသော အသံပိုင်းဆိုင်ရာ ခလုတ် ရိုက်ချက် သင်္ကေတများ၏ ထပ်ခါ တလဲလဲဖြစ်ပေါ်သော ကြိမ်နှုန်း၊ မတူညီသော ခလုတ်ခုံ ရိုက်ချက်များ အကြားရှိ အချိန်များနှင့် အသုံးပြုသူရေးသား သော ဖြစ်နိုင်ခြေရှိသည့် ဘာသာ စကားကဲ့သို့သော အခြား အကြောင်းအရာတွင် ပါဝင်သည့် သတင်းအချက်များကို ဤခွဲခြမ်း စိတ်ဖြာခြင်းတွင် အသံနှင့် စာလုံးများကို ထပ်ကြည့်ရန် အသုံး ပြုသည်။ လုံလောက်သော နမူနာ ကြီးကြီးမားမားကို စုဆောင်းမိစေရန် အတွက် အတန် အသင့် ရှည်ကြာသော ဖမ်းယူခြင်း (၁၀၀၀ သို့မဟုတ် ထို့ထက်ပိုသော ခလုတ်ရိုက်ချက်များ) ကို လိုအပ်သည်။

လျှပ်စစ်သံလိုက်ဓာတ် ထုတ်လွှတ်ခြင်းများ မႄးထတ်း

ဝါယာကြိုး တပ်ဆင်ထားသော ခလုတ်ခုံမှ လျှပ်စစ်သံလိုက်ဓာတ် ထုတ်လွှတ်ခြင်းများ ကို မီတာ ၂၀ (၆၆ ပေ) အကွာအဝေးအထိ ၎င်းကို ဝါယာကြိုးဆက်သွယ်တပ်ဆင်ခြင်း မရှိဘဲ ဖမ်း ယူရန် ဖြစ်နိုင်သည်။၂၀၀၉ ခုနှစ်တွင် ဆွီဒင် သုတေသန ပညာရှင်များသည် အလင်း နှင့် အသံ ပြန်ကန်ခြင်းများကို ရပ်ဆိုင်းရန် တီထွင်ပြုလုပ်ထားသော အခန်းငယ် တစ်ဝက် ထဲတွင် မျိုးမတူသော USB ၊ PS/2 ၁၁ ခုကို စစ်ဆေးခဲ့ပြီး အားလုံး မှာ ခုခံနိုင်စွမ်း မရှိကြောင်းတွေ့ရှိခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ အဓိကအားဖြင့် ထုတ်လုပ်နေစဉ် အတောအတွင်းတွင် ကြီးမြင့်လှသောဈေးနှုန်းရှိသည့် အကာအကွယ် ပေါင်းထည့်ခြင်းကြောင့် ဖြစ်သည်။ သုတေသန ပညာရှင်များသည် ခလုတ်ခုံများမှ ပျံ့ထွက်လာသော ထုတ်လွှတ် ခြင်း များ၏ တိကျသော ကြိမ်နှုန်းအတွင်းသို့ ညှိရန် ကျယ်ပြန့်သော လှိုင်းရှိသည့် လက်ခံသော အရာ ကို အသုံးပြုခဲ့ကြသည်။

အခြား မႄးထတ်း

အမြင်ပိုင်းဆိုင်ရာ စောင့်ကြည့်မှု

ရိုးရှင်းသော အဓိပ္ပာယ်တစ်ခုအနေဖြင့် ခလုတ်မှတ်တမ်းများ မှတ်သည့်အရာ တစ်ခု မဟုတ် သော်လည်း မည်သို့ပင်ဖြစ်စေကာမူ နည်းလမ်းတစ်ခုကို စကားဝှက်များ သို့မဟုတ် PIN များကို ဖမ်းယူရန် အသုံးပြုနိုင်သည်။ ATM တွင် တပ်ဆင်ထားသော စောင့် ကြည့် ကင်မရာကဲ့သို့ ဖုန်းကွယ်တပ်ဆင်ထားသည့် မဟာဗျူဟာ မြောက်သော နေရာတွင် ထားသည့် ကင်မရာ သည် ရိုက်ထည့်သော PIN သို့မဟုတ် စကားဝှက်ကို ရာဇဝတ်မှု ကျူးလွန်သူ တစ်ဦးအား ကြည့်ရှုရန် ခွင့်ပြုနိုင်သည်။

သမိုင်း မႄးထတ်း

အစောပိုင်း ခလုတ်မှတ်တမ်း မှတ်သည့် အရာကို Perry Kivolowitz (ပယ်ရီ ကီဗိုလိုဝစ်(ဒ်)) မှ ရေးသားခဲ့ပြီး ၁၉၈၃[9] ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် ကွန်ရက် အသုံးပြုခြင်း သတင်းအုပ်စု net.unix-wizards,net.sources တွင် ဖော်ပြခဲ့သည်။ ထည့်သွင်းဖော်ပြခြင်းသည် Unix (ယူနစ် (စ်)) စနစ်များပေါ်တွင် to /dev/kmem ကို ဆက်သွယ်ခြင်းအား တားမြစ်ခြင်းကို အားပေးသော အချက်တစ်ခု အဖြစ်ထင်ရသည်။ အသုံးပြုသူနည်းလမ်း ပရိုဂရမ်ကို စာလုံးစာရင်းများ (စီ လစ်(စ်)) ကို နေရာချခြင်းနှင့် စွန့်ပစ်ခြင်းမှ ဆောင်ရွက်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ ကို Unix kernel (ယူနစ်(စ်) ကာနယ်) တွင် တပ်ဆင်ထားသောကြောင့် ဖြစ်သည်။

လျှို့ဝှက်ချက်၊ စကားဝှက် စသည်ကို ဖော်ထုတ်ခြင်း မႄးထတ်း

ခလုတ်မှတ်ခြင်း သာမန် software တစ်ခုရေးသားရသည်မှာ သိပ်မခက်ခဲလှပေ။အခြား အဖျက်အဆီးပြုသည့် ကွန်ပျူတာ program များကဲ့သို့ virus ၏ တစ်စိတ် တစ်ပိုင်းအနေ နှင့် သော်လည်းကောင်း ကွန်ပျူတာကို အနှောင့်အယှက်ပေးသော လျှိုဝင် လာ သောအဖျက်အမှောင့် များကဲ့သို့လည်းကောင်း ဖြန့်ဖြူးပေးနိုင်သည်။ သူတစ်ပါး၏ ကွန်ပျူတာ တစ်ခုကို တိုက်ခိုက်ရန် တကယ်တမ်းခက်ခဲသည်မှာ မိမိထည့်သွင်းမည်ဖြစ်သော ခလုတ်ရိုက် ချက် မှတ်တမ်းမှတ်သည့်အရာကို မဖမ်းမိနိုင်အောင် တိတ်တိတ် တပ်ဆင်နိုင်စေရန် နှင့် မိမိ သည် သူ၏ သတင်းအချက်အလက်များကို အသေးစိတ် တိတ်တဆိတ်ဖမ်းယူနေသည်ကို ခြေ ရာမခံမိစေရန် ပင်ဖြစ်သည်။

မိမိရည်မှန်းထားသော ပစ်မှတ် ကွန်ပျူတာသို့ သာမန်လုပ်စဉ် အ တိုင်း တိုက်ရိုက်ချိတ်ဆက်ပြီး သတင်းအချက်အလက်များကို တိတ်တဆိတ် ဖမ်းယူရန် ကြိုး စားခြင်းသည် မိမိကိုယ်ကို ခြေရာခံမိစေရန် အလားအလာပေးလိုက်ခြင်းပင်ဖြစ်သည်။ ပုံသေ သတ်မှတ်ထားသော Email လိပ်စာ သို့မဟုတ် အင်တာနက် ချိတ်ဆက်ရန် အသုံးပြု သည့် IP လိပ်စာ တစ်ခုစီသို့ ယင်းအချက်အလက်များ ကို လျှို့ဝှက် အဖျက်အမှောင့် (ခလုတ် မှတ်တမ်းမှတ်သည့်အရာ) မှ ပို့လွှတ်လိုက်ခြင်းသည် မိမိ ကိုယ် မိမိ ဖော်ထုတ်လိုက် ခြင်းပင် ဖြစ်ပေသည်။


လျှိုဝင်လာသော အဖျက်အမှောင့် (Trojan) မႄးထတ်း

Young and Yung တို့သည် ယင်းပြသနာများကို အဖြေရှာနိုင်မည့်နည်း လမ်းများစွာကို ထုတ်ဖော်ခဲ့ပြီး သူတို့၏ ၁၉၉၇ IEEE လျှပ်စစ်နှင့် အီလက်ထ ရွန်နစ် အင်ဂျင်နီယာများ တက္ကသိုလ်ဆိုင်ရာ လုံခြုံရေးနှင့် ကိုယ်ပိုင်အခွင့် အရေးများဆိုင်ရာ စာတမ်း တွင် တင်ပြခဲ့ပါသည်။ (၉၆ ခုနှစ်တွင် သူတို့တင်ပြခဲ့သော စာတမ်းတွင်လည်း ယင်းအကြောင်းအရာများ ပါဝင်ခဲ့သည်။) သူတို့ ဆွေးနွေးတင်ပြထားသည်မှာ virus သို့မဟုတ် ကွန်ပျူတာကို ကသိကအောက်ဖြစ်အောင် နှောင့်ယှက်နိုင်သော ပိုး တစ်မျိုး မျိုးကို အသုံးပြုပြီး ခလုတ်များကို မှတ်သားထားနိုင်သည့် လျှိုဝင်လာသော အဖျက်အမှောင့်ကို ထည့်သွင်းလိုက်ပြီး ယင်းလျှိုဝင်လာသော အဖျက်အမှောင့်သည် စကားဝှက်များကို ပြောင်း လဲ ခိုးယူခြင်းနည်းနှင့် တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်သူတစ်ဦးသည် virus များ ပိုး များ နှင့်တကွ ဖမ်းမိနေသော်လည်း သူသည် တိုက်ခိုက်ခံရသူပါဟုလည်း အကြောင်းပြ ငြင်းဆို နိုင်ပါသည်။

တိုက်ခိုက်သည့် code သွင်းထားသော လျှိုဝင်လာသော အဖျက်အမှောင့် သည် သူ လျှို့ဝှက် ဖမ်းယူထားသော အကောင့်သို့ဝင်ရန် နာမည်များ/ စကားဝှက် အတွဲများကို လျှိုဝင် လာ သော အဖျက်အမှောင့် ရေးသားသူ၏ ဘုံသုံး ခလုတ် ကိုအသုံးပြုပြီး လျှို့ဝှက် code လုပ် ပါသည်။ ယင်းလျှို့ဝှက် code လုပ်ပြောင်းပြီးသားများကို စာဝှက်စာလုံး ဟု ခေါ်ပါသည်။ ယင်း စာဝှက်ရေးနည်းဖြင့် ရေးထားသော စာလုံးများကို လျှို့ဝှက်စွာ ပြန်လည် လွှင့်ထုတ်ပါ သည်။ သူတို့တင်ပြချက်များအရ နောက်ဆုံးထွက်လာသော စာဝှက်ရေးနည်းဖြင့် ရေးထား သော စာလုံး များသည် လျှို့ဝှက် သင်္ကေတ များ ကုဒ် သွင်းထားခြင်းဖြစ်ပြီး အများအသုံးပြုလေ့ ရှိသော သတင်းပေးသည့် သင်ပုန်းများ ဥပမာအားဖြင့် အသုံးပြု ကွန်ရက် ကဲ့သို့သော နေရာ များတွင် တင်ပို့ထားလေ့ရှိသည်။


စာဝှက်ရေးနည်းဖြင့် ရေးထားသော စာလုံး(Ciphertext) မႄးထတ်း

Young and Yung တို့ထပ်မံပြီး ဆွေးနွေးတင်ပြထားသည်မှာ code ထည့်သွင်းထားသော လျှို ဝင်လာသော အဖျက်အမှောင့် ရှိနေချိန်တွင် စာဝှက် စာလုံးများ သည် မိမိစက်ထဲတွင် ရှိသမျှ အသုံးမပြုဖြစ်သော ဓာတ်ပြား၏ အစိတ်အပိုင်းများ သို့လည်း code များ ထည့်သွင်းရေးသား နေမည်ဖြစ်သည်။ယင်း အစိတ်အပိုင်းများ ကိုအသုံးမပြုသော အစိတ်အပိုင်းများ အဖြစ် ဆက်လက်ဖော်ပြနေပေမည်။ ယင်းမှာ USB တစ်ခု အသုံးပြု၍ပင် ပြုလုပ်နိုင်သည်။ ထို့ကြောင့် လျှိုဝင်လာသော အဖျက် အမှောင့် ရေးသားသူ ဆိုသည်မှာ သတင်း အချက်အလက်များ ခိုးယူပေးပို့ ခံနေရသည့် ထောင် ပေါင်းများစွာသော သူများထဲမှ တစ်ဦးလည်း ဖြစ်နိုင်ပါသည်။ လျှိုဝင်လာသော အဖျက်အမှောင့် ရေးသားသူတစ်ဦးတည်းက သာလျှင် ယင်းပေးပို့ထားသော စာဝှက် စာလုံးများကို code ပြန်ဖြည်ခြင်း ပြုနိုင်မည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ဦးတည်းသည်သာ code ပြန်ဖြည်ရာတွင် လိုအပ်သော လျှို့ဝှက် စာလုံးကို သိခြင်းကြောင့် ဖြစ်ပါသည်။ ယင်းကဲ့သို့ တိုက်ခိုက်မှုသည် cryptovirology ဟု ခေါ်သော code များသွင်း၍ virus ပေးပို့ခြင်း နယ်ပယ်မှ ဖြစ်သည်။

ဥပဒေပြဋ္ဌာန်းခြင်းမှ အသုံးပြုခြင်း မႄးထတ်း

၂၀၀၀ ခုနှစ်တွင် FBI သည် ဂိုဏ်းခေါင်းဆောင် Nicodemo Scarfo ၊၏သားဖြစ်သူ Nicodemo Scarfo, Jr. ၏ PGP လျှို့ဝှက code စာတန်း ရယူနိုင်ရန်အတွက် ခလုတ်ရိုက်ချက် မှတ်တမ်းမှတ်သည့် အရာ ကို အသုံး ပြုခဲ့ပါသည်။ထို့အပြင် ၂၀၀၀ ခုနှစ် အတွင်းတွင်ပင် FBI သည် အမေရိကန်ပြည်ထောင်စု တွင်ပြစ်မှုများ ကျူးလွန်နေသည် ဟု သံသယရှိသော ရုရှားလူမျိုး cyber ရာဇဝတ်သား ၂ ယောက်အား ယင်းတို့ ရုရှား တွင် အသုံးပြုနေသော ကွန်ပျူတာ များသို့ ခလုတ် မှတ်တမ်းမှတ်သည့် အရာ ထည့်သွင်း၍ ထို သူတို့ အသုံးပြုနေ သည့် အသုံးပြုသူ အမည်များနှင့် စကားဝှက်များကို ရယူဖမ်းမိနိုင်ခဲ့သည်။ ယင်းတို့ကိုအသုံး ပြု ၍ ထိုသံသယဖြစ်ဖွယ် လူ၂ ဦး၏ ကွန်ပျူတာများကို ချိုးဖောက်ဝင်ယောက် ကာ သက်သေများ ရှာယူနိုင်ခဲ့ပြီး စီရင်ချက်များချမှတ်နိုင်ခဲ့သည်။

တန်ပြန်ရေး အစီအမံများ မႄးထတ်း

ပြန်လည်တုန့်ပြန်နိုင်မှုများ၏ အကျိုးသက်ရောက်မှုများကိုအမျိုးမျိုးတွေ့ရှိရပြီး ယင်းမှာ ခလုတ် ရိုက်ချက် မှတ်တမ်းမှတ်သည့် အရာများသည် အချက်အလက်မှတ်တမ်းများ ရရှိအောင် နည်း လမ်းပေါင်းများစွာကို အသုံးပြုကြပြီး ပြန်လည်တိုက်ခိုက်မှုများအနေနှင့် ထိုနည်းလမ်းပေါင်း များစွာကို အကျိုးသက်ရောက်နေရန် လိုအပ်ပါသည်။ ဥပမာ အနေနှင့် ဖန်သားပြင် တွင်ပေါ် သော ခလုတ်ခုံကို အသုံးပြုခြင်းသည် မိမိစက်အတွင်းဝင်ရောက်လာသည့် ခလုတ် မှတ်တမ်း မှတ်သည့်အရာများ ရန်ကို ရှောင်ရှားပေးနိုင်မည် ဖြစ်သည်။

ကြည်လင်မှုကို အတိုးအလျှော့ ပြုလုပ်ခြင်းသည်လည်း အချို့ဖန်သားပြင်ကို မှတ်သားပေးပို့သည့် ခလုတ် မှတ်တမ်းမှတ်သည့် အရာများကို နှိမ်နင်းပေးနိုင်ပေလိမ့်မည်။ သို့သော် ချိတ်ဆက်- အခြေပြု ရေးသားထားသော ခလုတ် မှတ်တမ်းမှတ်သည့် အရာများကို နှိမ်နင်းပေးနိုင်သည့် သူလျှိုထည် ဆန့်ကျင်ဘက် သည် kernel ပေါ်တွင် အခြေခံရေးသားထားသော ခလုတ် မှတ်တမ်းမှတ်သည့် အရာများ အတွက်မူ အကျိုးသက်ရောက်မှု မရှိသည်ကို တွေ့ရသည်။ ထို့အပြင် ခလုတ် မှတ်တမ်းမှတ်သည့် အရာ ရေးသားသူများသည် သူတို့ကို ပြန်လည်တိုက် ခိုက်တုန့်ပြန်နိုင်မည့် နည်းလမ်းများနှင့် လိုက်လျောညီထွေ ဖြစ်အောင် သူတို့၏ code များကို အသစ်အသစ် ပြန်လည် ရေးသားပို့လွှတ်နေလေ့ ရှိသည်။

သက်ဝင်လှုပ်ရှားနေသော CD/USB မႄးထတ်း

မိမိ၏ ကွန်ပျူတာကို မူလအစအနေအထားသို့ရောက်အောင် သက်ဝင်လှုပ်ရှားနေသော စီဒီ သို့မဟုတ် သက်ဝင်လှုပ်ရှားနေသော ယူအက်(စ်)ဘီ အသုံးပြု၍ ပြန်လည် ပြင်ဆင်ခြင်း သည် လည်း မိမိကွန်ပျူတာအတွင်းရောက်ရှိနေသော ခလုတ်ရိုက်ချက် မှတ်တမ်းမှတ်သည့် အရာ ဆော့(ဖ်)ဝဲ(လ်) များကိုဖြေရှင်းသည့် ဖြစ်နိုင်ခြေရှိသော နည်းလမ်းတစ်မျိုးဖြစ်သည်။ စီဒီ မှာ အဖျက်တိုက်ခိုက်တတ်သော malware များကင်းရှင်း၍ လည်ပတ်မည့် လုပ် ငန်းလုပ်ဆောင်သည့် စနစ်မှာလည်း လုံခြုံ၍ စနစ်တကျရှိနေမှသာ စက်စတင် လည်ပတ်ခြင်း မတိုက်ခိုက်ခံရနိုင်ပါ။ မတူညီသော လုပ်ငန်း လုပ်ဆောင် သည့် စနစ်ကို သုံးစွဲလိုက်ခြင်းသည် စက်အတွင်း ကွန်ပျူတာ စက်ပိုင်းဆိုင်ရာ ကိရိယာ အ တွင်း ရောက်ရှိနေသော ခလုတ် မှတ် တမ်း မှတ်သည့် အရာမျိုးကို အကျိုးသက်ရောက်ခြင်း မရှိနိုင်ပေ။

သူလျှိုထည် ဆန့်ကျင်ဘက် (Anti keyloggers) မႄးထတ်း

သူလျှိုထည် ဆန့်ကျင်ဘက် အများစု အနေနှင့် ရောက်ရှိနေသော ခလုတ် မှတ်တမ်းမှတ် သည့် အရာ ဆော့(ဖ်)ဝဲ များကို သိရှိနိုင်၊ သီးသန့်ဖယ်ထုတ်ထားနိုင်၊ ရပ်တန့်စေနိုင်သည့် အပြင် ရှင်းလင်းပေးနိုင်စွမ်းလည်းရှိပါသည်။ ယင်း သူလျှိုထည် ဆန့်ကျင်ဘက် တို့မှာ ဆော့ (ဖ်)ဝဲ နှင့် ရေးသားထားသော ခလုတ် မှတ်တမ်းမှတ်သည့်အရာများ၏ အခြေခံ ထည့် သွင်း တည်ဆောက်ထားသော ကုဒ် ပုံစံ ၊ စုံစမ်းစစ်ဆေးချက်များ နှင့် ခလုတ် မှတ်တမ်းမှတ် သည့် အရာတစ်ခု၏ ပြုမူဆောင်ရွက်ပုံများ (ချိတ်ဆက်များ သုံးစွဲခြင်းနှင့် အချို့ APIs (အေပီအိုင်များ)) ကိုစုံစမ်းသိရှိနိုင်ခြင်း ဖြစ်သည်။

မည်သည့် ဆော့(ဖ်)ဝဲအခြေပြုရေးသားထားသော သူလျှိုထည် ဆန့်ကျင်ဘက်များ အ နေနှင့်မျှ ၁၀၀ % ခလုတ် မှတ်တမ်းမှတ်သည့် အရာတိုင်းကို သိရှိ ဖမ်းမိနိုင်ခြင်း မဖြစ်နိုင်ပါ။ [citation needed] ထို့ပြင် ဆော့(ဖ်)ဝဲ အခြေပြုရေးသားထားသော သူလျှိုထည် ဆန့်ကျင်ဘက် များသည် ဆော့(ဖ်)ဝဲ ပုံစံမျိုးမဟုတ်သည့် ခလုတ် မှတ်တမ်းမှတ်သည့် အရာများကို မနှိမ် နင်းနိုင်ပေ။ ( ဥပမာ - မိမိ၏ ခလုတ်ခုံတွင် တပ်ဆင်ခံထားရသော ကွန်ပျူတာ စက်ပိုင်း ဆိုင် ရာ ပစ္စည်းကိရိယာ အခြေပြု ခလုတ် မှတ်တမ်းမှတ်သည့် အရာမျိုးသည် ဆော့(ဖ်)ဝဲ အခြေပြု သူလျှိုထည် ဆန့်ကျင်ဘက်များ အသုံးပြုသော်လည်း သတင်းအချက်အလက်များ ကို ပေးပို့မြဲပေးပို့ နေပေမည်)။

သို့သော်လည်း သူလျှိုထည် ဆန့်ကျင်ဘက်များ အသုံးပြုနေခြင်းဖြင့် ဆော့(ဖ်)ဝဲ အခြေပြု ခလုတ် မှတ်တမ်းမှတ်သည့် အရာများ၏ရန်မှ ကာကွယ်ပေးနိုင်သော အလားအလာရှိ နေမည် ဖြစ်သည်။ ယေဘုယျအားဖြင့် အရည်အသွေးမြင့် အထူးအခွင့်အရေး သူလျှိုထည် ဆန့်ကျင် ဘက်များ အသုံးပြုခြင်းဖြင့် အရေအသွေးနိမ့်သော ခလုတ် မှတ်တမ်းမှတ်သည့် အရာများကို ဖယ်ရှားပေးနိုင်မည်တော့ ဖြစ်သည်။ ဥပမာ အနေဖြင့် တွယ်ချိတ် အခြေပြုရေးသားထားသော ခလုတ် မှတ်တမ်းမှတ်သည့် အရာများကို နှိမ်နင်းပေးနိုင်သည့် သူလျှိုထည် ဆန့်ကျင်ဘက်များ သည် kernel ပေါ်တွင် အခြေခံ ရေးသားထားသော ခလုတ် မှတ်တမ်းမှတ် သည့် အရာများ ကိုတော့ မနှိမ်နင်းနိုင်ပေ။ (အဘယ်ကြောင့်ဆိုသော် ယင်း ခလုတ် မှတ်တမ်း မှတ်သည့် အရာသည် ခလုတ်ရိုက်ချက် အချက်အလက်များကို သူလျှိုထည် ဆန့်ကျင်ဘက် ရှိ နေသည့်တိုင်အောင် ပေးပို့မြဲပေးပို့နေမည်ဖြစ်သည်။) သို့သော် တွယ်ချိတ်- နှင့် API (အေပီ အိုင်) အခြေပြု ခလုတ် မှတ်တမ်းမှတ်သည့် အရာများကိုမူ နှိမ်နင်းပေးနိုင်မည့် အလားအလာ ရှိပါသည်။

ကွန်ရက် စောင့်ကြည့်ခြင်းများ မႄးထတ်း

ကွန်ရက်ကို စောင့်ကြည့်စစ်ဆေးခြင်း (တန်ပြန် ဖိုင်ယားဝေါ(လ်) များဟုလည်းခေါ်ဆိုသည်) များကို အသုံးပြုသူများ၏ ကွန်ပျူတာများမှ ကွန်ရက်သို့ လုပ်ငန်းသုံးခြင်း တစ်ခုက ချိတ်ဆက် ရန် ကြိုးစားသည့် အခါတိုင်း အချက်ပြ သတိပေးရန် အသုံးပြုသည်။ ယင်းသည် ခလုတ် မှတ်တမ်း မှတ်သည့် အရာများမှ ရေးသားသူထံသို့ သူရိုက်ထားသောအချက်အလက်များကို " ပြန်လည်ဆက်သွယ်မှု ပြုခြင်း " ကို ကာကွယ်ပေးရာ ရောက်ပါသည်။

အလိုအလျောက် ပုံစံဖြည့်သော အစီအစဉ်များ မႄးထတ်း

အလိုအလျောက် ပုံစံများကို ဖြည့်စွက်ပေးသည့် အစီအစဉ်များ အသုံးပြုခြင်းသည်လည်း အ သုံးပြုသူ တစ်ဦးအနေဖြင့် သူ၏ ကိုယ်ရေးကိုယ်တာ အသေးစိတ် အချက်အလက်များ နှင့် စကားဝှက်တို့ကို ခလုတ်ခုံ အသုံးပြု၍ ရိုက်နှိပ်နေစရာ မလိုစေတော့သဖြင့် ခလုတ် မှတ်တမ်း မှတ်သည့် အရာများရန်မှ ကာကွယ်ရာရောက်ပါသည်။ ပုံစံဖြည့်ပေးသည့် အစီအစဉ်များ သည် ယေဘုယျအားဖြင့် ဝက်(ဘ်) ဘရောက်ဆာ အသုံးပြုနေသည့် အသုံးပြုသူများ အဆင်ပြေစေ ရန်၊ သတင်းအချက်အလက်များ လွယ်ကူစွာ ဖြည့်စွက်နိုင်စေရန် ရည်ရွယ် တည်ဆောက်ထား ခြင်းဖြစ်သည်။ အသုံးပြုသူတစ်ဦး၏ အကောင့်နှင့် အကြွေးဝယ် ကဒ် စသော သတင်းအချက် အလက်များသည် အစီအစဉ်ထဲသို့ တစ်ခါရိုက်သွင်းပြီးရုံမျှနှင့် ပုံစံများအတွင်းသို့ အလိုအ လျောက် ခလုတ်ခုံများ၊ အချိန်တို အချက်အလက် သိမ်းဆည်းခြင်း နှင့်/သို့မဟုတ် ပြောင်းလဲ ပေးခြင်း များ သုံးစရာမလိုဘဲ ထည့်သွင်းပြီးဖြစ်သည်။

ထို့ကြောင့် မိမိကိုယ်ပိုင် အချက်အလက် များကို ကူးယူခံရခြင်း အခွင့်အရေးကို လျော့စေနိုင်ပါသည်။ သို့ရာတွင် ယင်းစက်ကို ကိုယ်တိုင် ကိုင်တွယ် အသုံးပြုရန် အခွင့်အရေး ရရှိနေသူတစ်ဦးအဖို့ ယင်း ကွန်ပျူတာ ကွန်ရက် ချိတ် ဆက်စဉ် သို့မဟုတ် လုပ်ငန်းလည်ပတ်မှုစနစ်တွင် ဆော့(ဖ်)ဝဲ(လ်) ကို ထည့်သွင်း၍ မိမိ၏ သတင်းအချက်အလက်များကို ရယူသွားနိုင်ပါသည်။ (သယ်ယူပို့ဆောင်ရေးအလွှာ လုံခြုံရေး ကို အသုံးပြုထားပါက ထိုကဲ့သို့ ကွန်ရက်ဖော်ထုတ် ခြင်း နှင့် ပရောက်ဆီ ကိရိယာများ ကြား တွင် အချက်အလက် ကြားဖြတ်ယူခြင်းကို ကာကွယ်နိုင်ပါသည်။

တစ်ခါသုံး စကားဝှက်များ (OTP) မႄးထတ်း

တစ်ကြိမ်သုံး စကားဝှက်များ အသုံးပြုခြင်းဖြင့်လည်း ခလုတ် မှတ်တမ်းမှတ်သည့် အရာများရန် မှ ကင်းဝေးနိုင်သည်။ ထိုစကားဝှက် တစ်ခုစီသည် နောက်တစ်ကြိမ် ပြန်သုံးချိန်တွင် မှန်ကန် နေတော့မည် မဟုတ်၍ဖြစ်သည်။ ယင်းသည် အများသုံး ကွန်ပျူတာကို အသုံးပြုနေသည့် သူ တစ်ဦးအတွက် ဖြေရှင်းချက်ကောင်းတစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ထိုအများသုံး ကွန် ပျူတာကို အဝေးမှထိန်းချုပ်နိုင်စွမ်းရရှိထားသော တိုက်ခိုက်သူတစ်ဦးအနေနှင့် သူ၏ သား ကောင် ကို အလွယ်တကူ အကြောင်းအရာများရိုက်ထဲ့ချိန် စောင့်၍ ထိုသူ အသုံးပြုလှုပ်ရှား နေချိန် ကလေးတွင် သူတို့ကိုယ်စား သူတို့ အကောင့်များကို တိတ်တဆိတ်ယူငင်သုံးစွဲသွား နိုင်မည် ဖြစ်သည်။

တစ်ကြိမ်သုံး စကားဝှက်သည် တိုက်ဖျက်သူ အနေနှင့် မိမိ၏ သတင်းအချက်ဟောင်းများကို အသုံးပြု၍ အယောင် ဆောင် ပြီးသုံးစွဲစေသည့် ထပ်မံ တိုက်ခိုက်မှုများကို ကာကွယ် ပေးပါ သည်။ ဥပမာအားဖြင့် အွန်လိုင်း ဘဏ်လုပ်ငန်းများ တွင် တစ်ကြိမ်သုံး စကားဝှက်များကို သုံး ၍ ခလုတ် မှတ်တမ်းမှတ်သည့် အရာ များအပြင် ထပ်မံ တိုက်ခိုက်မှုများတို့၏ ရန်မှ ကာကွယ် ရန် သုံးထားပါသည်။

KYPS (ကေဝိုင်ပီ အက်(စ်)) သည် OTP (အိုတီပီ) အသုံးပြုခွင့် မပေးသည့် ဝက်(ဘ်)ဆိုဒ် များ တွင် တစ်ကြိမ်သုံး စကားဝှက်များကို သုံးစွဲခွင့်ရရှိစေရန် ထုတ်ပေးသော ဝန်ဆောင်မှု လုပ် ငန်း ဖြစ်ပါသည်။

လုံခြုံရေး သင်္ကေတများ မႄးထတ်း

စမတ်ကတ်များ အသုံးပြုခြင်း သို့မဟုတ် အခြားလုံခြုံရေး သင်္ကေတများ အသုံးပြုခြင်းသည် ခလုတ် မှတ်တမ်းမှတ်သည့် အရာများ အောင်မြင်စွာ ထည့်သွင်း၍ ထပ်မံ တိုက်ခိုက်မှုများ နှင့် တိုက်ခိုက်ခံရခြင်းများမှ ကာကွယ်ပေးနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်ထား သော သတင်း အချက်အလက် များကို ရရှိရန်အတွက် (ကွန်ပျူတာ စက်ပိုင်းဆိုင်ရာ ပစ္စည်း ကိရိယာ) လုံခြုံရေး အပြင် မှန်ကန် ယုံကြည်ဖွယ်ရာသော စကားဝှက်/လျှို့ဝှက် ကုဒ်စာတန်း ထည့်သွင်းသည့် အစီအစဉ်တို့ နှစ်မျိုးစလုံးကို လိုအပ်ခြင်းကြောင့် ဖြစ်ပါသည်။ မည်သည့် ခလုတ် များ ရိုက်နှိပ်သည်၊ မောက်(စ်) မည်ကဲ့သို့ ရွှေ့လျားသည်၊ ဖန်သားပြင် တွင် မည်သည့် အရာ ပေါ်နေသည်၊ အချိန်တို အချက်အလက် သိမ်းဆည်းခြင်း တွင် မည်သည်ကို မှတ်သား ထား သည်တို့ကို သိရှိရုံမျှနှင့် တိုက်ဖျက်သူတစ်ဦး အနေနှင့် ထိုကွန်ပျူတာအသုံးပြုသူ၏ လုံခြုံစွာ လျှိုု့ဝှက်ထားသော သတင်းအချက်အလက်များကို ရယူ သုံးစွဲနိုင်ရန်မှာ မဖြစ်နိုင်ပါ။

အချို့လုံခြုံရေး ထိန်းချုပ်မှုများမှာ တစ်ကြိမ်သုံး စကားဝှက် စနစ်ကို ဖြည့်စွက်ဆောင်ရွက်ပေး သော ကွန်ပျူတာ စက်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာ ကဲ့သို့ ပြုမူ ပြီး အချို့မှာ လာရောက် စိန်ခေါ် တိုက်ခိုက်သော ခလုတ် မှတ်တမ်းမှတ်သည့် အရာများကို တုန့်ပြန်ခြင်း ဖြင့် တစ်ကြိမ် သုံး စကားဝှက်သုံး၍ ဖြေရှင်းပုံနှင့် ဆင်တူ၍ လုံခြုံမှုကို တိုးမြှင့်စေပါသည်။ ပို့ပေးမှု အစဉ် အတန်း တိုက်ခိုက်ခြင်း အနေနှင့် တိုက်ခိုက်သူ တစ်ယောက်သည် ကဒ် ဖတ်သည့်စက်/ PIN (ပီအိုင်အန်) အဝင် တို့ကို အစားထိုး လဲလှယ်တပ်ဆင်၍ အသုံးပြုသူ၏ PIN (ပီအိုင်အန်) ကုဒ် များကို ဖမ်းယူနိုင်ခြင်းကြောင့် စမတ်ကတ်ဖတ်စက်များ နှင့် သူတို့နှင့် သက်ဆိုင်သော PIN (ပီအိုင် အန်) ရိုက်ထည့်ရသည့် ခလုတ်နံပါတ်ပြားတို့သည် ခလုတ်ရိုက်ချက် မှတ်တမ်း မှတ်သည့်အရာ ပြုလုပ်ခြင်းများ မခံရအောင် ပြုလုပ်ထားသည်။

ဖန်သားပြင်ပေါ်ရှိ ခလုတ်ခုံများ မႄးထတ်း

ဖန်သားပြင် တွင်ပေါ်အောင် ပြုလုပ်၍အသုံးပြုရသော ခလုတ်ခုံ အများစု (ဥပမာ မိုက်ခရို ဆော့(ဖ်) ဝင်းဒိုး(စ်) အိပ်(ဇ်)ပီ) တွင် ပါရှိလာသော ဖန်သားပြင် တွင် မြင်၍ အသုံးပြုရသည့် ခလုတ်ခုံ အမျိုးအစားမျိုး) သည် ပုံမှန် ခလုတ်ခုံ တစ်ခု အသုံးပြုသကဲ့သို့ပင် အချက်အလက် များကို ပြင်ပမှ စောင့်ကြည့်နေသော အစီအစဉ်ထံသို့ ရိုက်ပို့စေပါသည်။ ခလုတ် မှတ်တမ်း မှတ်သည့် အရာ ဆော့(ဖ်)ဝဲ(လ်) တိုင်းသည် စာရိုက်သော ပြုလုပ်သည့် အကြောင်းအရာ တိုင်းကို စောင့်ကြည့်၍ ပြန်လည်ပေးပို့နေမည် ဖြစ်သည်။ ထို့အပြင် ခလုတ် မှတ်တမ်းမှတ် သည့် အရာ ဆော့(ဖ်)ဝဲ(လ်) များသည် ဖန်သားပြင်တွင် ပေါ်နေသမျှကိုလည်း ရိုက်ကူး၍ ပေးပို့ နေမည်ဖြစ်သည်။ (မောက်(စ်) တစ်ကြိမ်နှိပ်လိုက်တိုင်း အချိန်နှင့်အမျှ စောင့်ကြည့် ပေးပို့ နေပေမည်။)

ခလုတ် ရိုက်ချက်ကို နှောင့်ယှက်သည့် ဆော့(ဖ်)ဝဲ(လ်) (Keystroke interference software) မႄးထတ်း

ရိုက်နှိပ်သမျှ ခလုတ်များကို နှောင့်ယှက်ဟန့်တားသော ဆော့(ဖ်)ဝဲ(လ်)လည်း ရရှိနိုင်ပါသည်။ ရိုက်နှိပ်သမျှ ခလုတ်များ အပြင်ကြုံရာကျရာ အခြားခလုတ်များကို ထည့်သွင်းရေးသား ၍ ပေးပို့ခြင်းဖြင့် ခလုတ် မှတ်တမ်းမှတ်သည့်အရာများကို လှည့်စားနိုင်စွမ်းရှိပါသည်။ သို့သော် ခလုတ် မှတ်တမ်းမှတ်သည့်အရာများသည် သူတို့လိုအပ်သော သတင်း အချက်အလက်များ ထက် ပိုမို၍ ဖမ်းယူမှတ်သားနိုင်သည့်အပြင် တိုက်ခိုက်သူတစ်ဦး အနေနှင့်လည်း စိတ်ဝင်စား သော အသုံးလိုသော ခလုတ်များ ကိုသာရွေးချယ် ဖယ်ထုတ်၍ အသုံးပြုနိုင်သည် ဖြစ်သဖြင့် ခလုတ် မှတ်တမ်းမှတ်သည့် အရာ ဆော့(ဖ်)ဝဲ(လ်) ခလုတ်ရိုက်ချက် မှတ်တမ်းမှတ်သည့် အရာ ဝင်ရောက်စွက်ဖက်သည့် ဆော့(ဖ်)ဝဲ(လ်) အသုံးပြုခြင်းဖြင့် ရရှိနိုင်သော လုံခြုံမှု မှာ ရှင်းလင်းထင်ရှားစွာ မတွေ့ရနိုင်ပါ။

စကားသံကို မှတ်မိခြင်း မႄးထတ်း

ဖန်သားပြင်တွင်ပေါ်သော ခလုတ်ခုံများ ကဲ့သို့ပင် စကားသံကိုစာသားအဖြစ် ပြောင်းလဲအသုံး ပြုခြင်း ဖြင့် ခလုတ် မှတ်တမ်းမှတ်သည့်အရာများကို ရှောင်ရှားနိုင်သော ဆော့(ဖ်)ဝဲ(လ်)များ လည်း အသုံးပြုနိုင်ပါသည်။ သူတို့တွင် မည်သည့် ကီး ရိုက်နှိပ်ခြင်းနှင့် (မောက်(စ်)) ရွေ ့လျား ခြင်းမျှ မပါဝင်ပါ။ အားနည်းချက်မှာ အသံကို မှတ်သားထားပြီးချိန်တွင် စာသားအဖြစ် သို့ ပြောင်းလဲရာ၌ မည်သို့ပြောင်းလဲ ပို့ဆောင်သည် ဆိုသည်ပင်ဖြစ်သည်။

လက်ရေးကို မှတ်မိခြင်းနှင့် mouse အမူအရာများ မႄးထတ်း

ထို့နည်းတူပင် PDAs (ပီဒီအေများ) နှင့် နောက်ပိုင်းထုတ်လုပ်လာသော Tablet PCs (အပြား အချပ် ပီစီများ) များသည် သူတို့၏ touchscreens မှကွန်ှပျူတာအဆုံး နားလည်နိုင်သော စာသားများအဖြစ်ပြောင်းလဲနိုင်ကြပြီ ဖြစ်သည်။ (မောက်(စ်)) ၏ လှုပ်ရှား မှုများ ကို လိုက်လံကူးယူမှတ်သားထားခြင်းဆိုသည်မှာ ဤ တပ်(ချ်) ဘောပင် နှင့် ထည့်သွင်း ရေးသားခြင်းကို အခြေခံပြီး (မောက်(စ်)) ၏ လှုပ်ရှားမှုများကို မှတ်သားခြင်း ပင်ဖြစ်သည်။ အသုံးပြုသူမှ ပြုလုပ်သမျှသော ရေးဆွဲသမျှသော မျဉ်းများ စာလုံးများကို မှတ်ယူ၍ ခလုတ် ရိုက်ချက်များအဖြစ် ပြောင်းလဲယူခြင်းဖြစ်သည်။ ထိုနည်းတူစွာပင် ဂရပ်ဖစ် အပြား အချပ်များ နှင့် ပေါ့ပါးသော ဘောပင်များ သည် လည်း သူတို့၏လှုပ်ရှားမှုများကို ထည့်သွင်းသုံးနိုင် ကြ သည်။ ယင်းတို့မှာ ယနေ့ခေတ် တွင် အသုံးနည်းလာပြီဖြစ်သည်။ စကားသံမှတ်မိခြင်း၏ အားနည်းချက်မှာလည်း ဤနည်းလမ်းကို အသုံးချခြင်းကြောင့် ဖြစ် သည်။

အကြီးစား တိုးချဲ့သည့်အရာများ/ အသံ (သို့မဟုတ်) ရုပ်သံဖမ်းစက်များ မႄးထတ်း

Freeware/ Shareware အစီအစဉ်များ၏ အကူအညီဖြင့် စကား အနက်မရှိဟု ထင်ရသော စကားလုံးများသည် အနက်ရှိသောစကားလုံးများအဖြစ်သို့ ပြောင်း လဲပေးနိုင်သည်။ ဥပမာ - "we" ဟူသောစကားလုံးတစ်ခုသည် browser တစ်ခု အတွင်း တွင် "en.Wikipedia.org" အဖြစ်သို့ ပြောင်းလဲသတ်မှတ်သွားနိုင်သည်။ ထိုနည်းလမ်း၏ အဓိ က အားနည်းချက်မှာ ခလုတ် ရိုက်ချက်များသည် တိုက်ရိုက် ဖမ်းယူနေသူထံသို့ ရောက်ရှိသွား ခြင်းပင် ဖြစ်သည်။ သို့သော် ယင်းနည်းလမ်းကိုအကျိုးရှိစွာအသုံးချနိုင်မည့်နည်းလမ်းတစ်ခုမှာအောက်တွင်ဖော်ပြထားသောပြောင်းပြန် လှန် နည်းလမ်း ပင်ဖြစ်သည်။ ဆိုလိုသည်မှာ မလို အပ်သောနေရာများ တွင် mouse click များစွာ နှိပ်ခြင်း၊ အနက်မရှိသော စကားလုံး များစွာ ရိုက်နှိပ်ခြင်း၊ ထို့နောက် မှ လိုအပ်သောနေရာတွင် mouse click ပြုလုပ်ခြင်း (ဥပမာ - စကားဝှက် ဖြည့်ရန် နေရာ) နှင့် အခြားနေရာ များတွင် ထပ်မံ၍ mouse click များ ပြောင်းလဲ ပြုလုပ်ခြင်း တို့ဖြင့် ပြောင်းပြန်လှန် ပေးပို့နိုင်သည်။

နည်းပညာပိုင်းဆိုင်ရာ မဟုတ်သော နည်းလမ်းများ မႄးထတ်း

အမှန်တကယ် သင် ဝင်ရောက်ရန်အကြောင်းအရာ စာရိုက်ခြင်း နှင့် စာလုံးများရိုက်ခြင်းများကို တစ်လှည့်စီ ပြောင်းလဲပြုလုပ်ခြင်းဖြင့် ခလုတ် မှတ်တမ်းမှတ်သည့်အရာတစ်ခုကိုလိုအပ် သော သတင်းအချက်အလက် ထက်ပိုအောင် မှတ်တမ်းယူစေခြင်း လည်းပြုလုပ်နိုင်ပါသည်။ သို့သော် ဤနည်းလမ်းမှာ တိုက်ခိုက်သူ အနေနှင့် အလွယ်တကူ ပြန်လည် စစ်ထုတ်ယူငင် နိုင်ပြန်ပါသည်။ အလွယ်ကူဆုံးအနေနှင့် အသုံးပြုသူ တစ်ယောက်သည် စာရိုက်ခြင်း ပြုလုပ် နေစဉ်အတွင်း မိမိ၏ cursor ကို ရွေ့လျားနေစေခြင်းသည် ခလုတ် မှတ်တမ်းမှတ် သည့် အရာ တစ်ခုကို ခလုတ်ရိုက်ချက်များ မှားယွင်းစွာ မှတ်တမ်းတင်ယူ စေခြင်း အဖြစ်သို့ ရောက်ရှိ စေနိုင်ပါသည်။ ဥပမာ - မိမိ၏ စကားဝှက်ကို နောက်ဆုံးစာလုံးမှ စတင်ရိုက်၍ cursor ကို တစ်ခု ခြင်းစီ ရှေ့သို့ ရွှေ့စေခြင်းဖြင့် ခလုတ် မှတ်တမ်းမှတ်သည့် အရာကို မှားယွင်းစေ နိုင် သည်။

နောက်ဆုံး အလွယ်ကူဆုံးအနေနှင့် မိမိ စာရိုက်ထားသော စာလုံးများ၏ တစ်စိတ် တစ်ပိုင်း ကို ခလုတ်ခုံကို အသုံးမပြုဘဲ အကြောင်းအရာ menus ကိုသုံး၍ ဖယ်ရှားခြင်း ၊ ကူးခြင်း၊ ဖြတ်ခြင်းနှင့် ကပ်ခြင်း ပြုလုပ်၍ လည်းရပါသည်။ တိုက်ခိုက်သူ တစ်ယောက်သည် စကားဝှက် တစ်ခု၏ အစိတ်အပိုင်းကိုသာ ရရှိသည်ဆိုပါက ပိုသေးငယ် သော ခလုတ် နေရာရှိကာ အားကုန် ထုတ်သုံး ၍ တိုက်ခိုက်ရန် အခွင့်အလမ်း လည်း နည်းသွားပြီဖြစ်သည်။ အခြားလွယ်ကူသော နည်းလမ်းတစ်ခုမှာ မိမိ ရိုက်ထားသော စကားလုံး၏ တစ်စိတ်တစ်ပိုင်း ကို mouse နှင့်ရွေးချယ်၍ ပြန်လည် စာရိုက်ပြုလုပ်ပြီး နေရာလဲခြင်း ဖြစ်သည်။ ဥပမာ- မိမိ၏ စကားဝှက်သည် "secret " ဆိုလျှင် "s " ကို အရင်ရိုက်ပါ၊ ထို့ နောက် အခြားလွယ်ကူသော စကားလုံးများ " asdfsd " ကိုရိုက်ပါ၊ ယင်း " asdfsd" ကို mouse နှင့် ရွေးချယ်ပြီးနောက် သင်အမှန် တကယ် ရိုက်လိုသော "e" နှင့် နေရာလဲလိုက်လျင် မိမိ၏ စကားဝှက်သည် ရိုက်ပြီးသား ဖြစ် သွားပေမည်။

အကယ်၍ အချိန်တို အချက်အလက် သိမ်းဆည်းခြင်း၊ ရွေးချယ်ထားသောစာလုံးများ ကို စောင့်ကြည့်ဖမ်းယူ မနေခဲ့ပါလျင် သို့မဟုတ် ခလုတ် တစ်ခုရိုက်တိုင်း mouse တစ်ခါ ရွေ့တိုင်း မိမိ၏ ဖန်သားပြင်ကို ဖမ်းယူနေခြင်းလည်းမရှိခဲ့ပါလျင် အသုံးပြုနိုင်သော ခလုတ်ရိုက် မှတ်ခြင်း နည်းလမ်းများမှာ မမှန်ကန်နိုင် ဟု ယူဆရသည်။ သို့သော်လည်း ထို နည်းလမ်းများ မှာ အချို့သော စက်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာတွင် တပ်ဆင်ထားသော ခလုတ် မှတ်တမ်း မှတ်သည့် အရာ များ၏ ရန်ကိုပင် အကျိုးသက်ရောက်မှုပေးပါသည်။

ရည်ညွှန်းကိုးကား မႄးထတ်း